အရှေ့အလယ်ပိုင်းဒေသအသက်ရှူလမ်းကြောင်းဆိုင်ရာ(မားစ်)ကူးစက်မြန်ရောဂါ

အရှေ့အလယ်ပိုင်းဒေသ        အသက်ရှူလမ်းကြောင်းဆိုင်ရာ(မားစ်)        ကူးစက်မြန်ရောဂါ
အရှေ့အလယ်ပိုင်းဒေသ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ ငြိူန နေျအ ျွနျစငမအေသမပ ှပညိမသာန (နြျွှ-ဃသဠ) ရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်သော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်ခုဖြစ်ပါသည်။ အဆိုပါရောဂါပိုးသည် လူတစ်ဦးမှ   တစ်ဦးသို့   အသက်ရှူလမ်းကြောင်းမှတစ်ဆင့်   ကူးစက်ကာ   အသက်အရွယ်မရွေး   ဖြစ်ပွားနိုင်ပြီး   ရောဂါဖြစ်ပွားသူ   (၁၀)   ဦးတွင်     (၃)
ဦးခန့် အသက်ဆုံးရှုံးနိုင်ပါသည်။

ရောဂါလက္ခဏာများ
အဆိုပါရောဂါဖြစ်ပွားလျက်ရှိသော နိုင်ငံများသို့ သွားရောက်ခဲ့သူ ခရီးသွားများသည် (၁၄)ရက်အတွင်း အပြင်းဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း၊ အသက်ရှူခက်ခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း စသော သံသယလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ခြင်းသတင်းပို့ ဆေးကုသရန် လိုအပ်ပါသည်။
နာတာရှည်ရောဂါတစ်ခုခု (ဥပမာ-ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အဆုတ်ရောဂါ) ခံစားနေရသူများအား မားစ်ကူးစက်မြန်ရောဂါ ကူးစက်ပါက ပိုမိုပြင်းထန်ပြီး အသက်အန္တရာယ် ရှိနိုင်ပါသည်။

ကူးစက်နိုင်သည့် နည်းလမ်းများ
မားစ်ကူးစက်မြန်ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ချောင်းဆိုးခြင်း၊ နှာချေခြင်းမှ တိုက်ရိုက်သော်လည်းကောင်း ရောဂါဖြစ်ပွားသူ၏ ချွဲ၊ သလိပ်၊    ခန္ဓာကိုယ်အရည်၊    အသုံးအဆောင်ပစ္စည်းများကို    ကိုင်တွယ်    ထိတွေ့ခြင်းမှသော်လည်းကောင်း  ကူးစက်နိုင်ပါသည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ
•    တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူး ဂရုပြုဆောင်ရွက်ခြင်း
•    နှာချေ၊   ချောင်းဆိုးလျှင်   လက်ကိုင်ပုဝါ   (သို့)   တစ်ရှုးစက္ကူ   (သို့)   နှာခေါင်းစည်းဖြင့်    ဖုံးအုပ်ခြင်း
•    လက်ကို    ရေနှင့်ဆပ်ပြာဖြင့်   စင်ကြယ်စွာဆေးကြောခြင်း
•    ကောင်းစွာ    အိပ်စက်အနားယူခြင်း
•    အာဟာရ   ပြည့်ဝသည့်   အစားအစာများ   စားသုံးခြင်း
•    လေကောင်းလေသန့်ရရှိအောင်     ဆောင်ရွက်နေထိုင်ခြင်း
•    သေချာစွာချက်ပြုတ်ထားသော   အစား   အစာများကိုသာ    စားသုံးခြင်း
•    သစ်သီး^ဟင်းသီးဟင်းရွက်များကို အစိမ်းစားသုံးမည်ဆိုပါက သေချာစွာဆေးကြောပြီးမှ စားသုံးခြင်း
•    လူထူထပ်သောနေရာများနှင့်    ပွဲလမ်းသဘင်များအား    သွားရောက်ခြင်းမှ   ရှောင်ကြဉ်ခြင်း
•    ရောဂါရှိသူ၏နေအိမ်နှင့် ဆေးရုံများသို့မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း
•    တိရစ္ဆာန်များ   (အထူးသဖြင့်-ကုလားအုတ်)   ကို   ထိတွေ့ကိုင်တွယ်ခြင်းမှ    ရှောင်ကြဉ်ခြင်း
•    ရောဂါဖြစ်ပွားကူးစက်နေသော နိုင်ငံများသို့ ခရီးသွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း



ရောဂါဖြစ်ပွား ကူးစက်လျက်ရှိသော နိုင်ငံများမှ မိမိနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် (၁၄) ရက်အတွင်း သံသယ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများသို့ ချက်ခြင်းသတင်းပို့၍ ရောဂါကာကွယ်ကုသ  ထိန်းချုပ်ခြင်းလုပ်ငန်းများ  ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ကူးစက်လွယ်သောရောဂါဖြစ်၍  ဆေးရုံဝန်ထမ်းများအနေဖြင့်  လူနာပြုစုကိုင်တွယ်ရာတွင် အထူးဂရုပြုရန်လိုအပ်ပါသည်။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...